- 3D ဖြင့် Vfx Effect များပြုလုပ်လိုသူများအတွက် Particle effects, Rigid body,Fire, Water, Cloth simulation စတာတွေကို ပြုလုပ်တတ်အောင် သင်ပေးထားပါတယ်။
- Simulation effect များပြုလုပ်ပါက final output ထုတ်ရန်အတွက် မဖြစ်မနေ တတ်သင့်သော Composition Software များ နဲ့ Video Editing Software များကိုလည်း သင်ပေးထားပါတယ်။
Software Download and Installation
- သင်ခန်းစာ သင်ရန်အတွက် လိုအပ်သော software များကို download ပြုလုပ်ပြီး Computer မှာ Install ပြုလုပ်ပုံကို သင်ပေးထားပါတယ်။
- လိုအပ်တဲ့ Software တွေက Blender, Nuke, Natron, DaVinci Resolve, Photoshop တို့ဖြစ်ပါတယ်။
- Natron အတွက် လိုအပ်တဲ့ plug-in များ ထည့်သွင်းနည်းကိုလဲ သင်ပေးထားပါတယ်။
Blender Shader Editor
- 3D Render ကောင်း တခုရရန်အတွက် Material ကောင်းရန်လိုပါတယ်။
- Blender shader editor ကို Detail သင်ပေးထားပါတယ်။
- Shader များကို Mask များ၊ texture များ၊ color ramp , ambient occlusion စတာတွေနဲ့
ရောစပ်ပြီး လိုချင်တဲ့ ပုံစံရောက်အောင် ပြုပြင်နည်းများကိုလဲ သင်ပေးထားပါတယ်။
Render Passes များဖြင့် Render ပြုလုပ်ခြင်း
- Photo Render/ Video Render စတာတွေကို ပြန်လည် ပြုပြင်နိုင်ရန် အတွက် Render passes များဖြင့် Blender မှ Render ပြုလုပ်ခြင်းကို သင်ရမှာဖြစ်ပါတယ်။
- Render passes များဖြင့် Render ပြုလုပ်ပါက လိုအပ်သလို Lighting, Color စတာတွေကို ပြန်လည်ပြုပြင်လို့ ရပါတယ်။
ဒါ့ အပြင့် Render passes ဖြင့် အခြား effect များကို လည်း ထည့်သွင်းနိုင် ပါတယ်။ Depth Blur, Motion blur, Mist စသည်ဖြင့်၊
အထူးသဖြင့် Video Render ပြုလုပ်ပါက ပြန်လည် ပြုပြင်ရန် ခက်သဖြင့် Render passes များကို အမြဲတမ်း သုံးသင့်ပါတယ်။
Photoshop Composite
- Render passes များဖြင့် 3D Render ပြုလုပ်ထားသော Photo ကို Photoshop ထဲတွင် composite ပြုလုပ်နည်းကို သင်ရမှာဖြစ်ပါတယ်။
- Photoshop ရဲ့ layer blending , Layer mask စတာတွေက video composite ပြုလုပ်ရန် အတွက် အခြေခံကောင်းတွေ ဖြစ်တာကြောင့်
သေချာနားလည်ထားရန် လိုအပ်ပါတယ်။
- Photoshop ဖြင့် lighting ပြန်ချိန် နည်း၊ Depth blur, lens flare စတာတွေကိုလဲ အပြည့်အစုံ သင်ပေးထားပါတယ်။
Nuke/Natron Basic Composite
- Nuke နဲ့ Natron နဲ့ အတူတူပဲဖြစ်ပါတယ်။ shortcut တွေက အစတူပါတယ်။ သင်ခန်းစာများကို Nuke နဲ့ Natron နှစ်ခုလုံးနဲ့ သင်ပေးထားပါတယ်။
- 3D animaiton တွေကို Nuke မှာ composite လုပ်တာကို သင်ပါတယ်။ Nuke software ကို အစမှ စတင်ပြီး သုံးတတ်အောင် သင်ကြား
ပေးထားတဲ့ lessons တွေ ဖြစ်ပါတယ်။ ခု သင်ခန်းစာများကို သင်ပြီးမှသာ ပိုမို ရှုပ်တွေးတဲ့ Node composite နည်းစနစ်များကို ဆက်သင်ရမှာ ဖြစ်ပါတယ်။
- Roto , tracking, Seperate and composite Multilayer exr စတာတွေ ကိုလဲ သင်ပေးထားပါတယ်။
Blender Particle System
- Effect ပြုလုပ်တာမှာ အရေးပါသော Blender Particle system ကိုအသေးစိတ် သင်ပေးထားပါတယ်။ Paritcle system ရဲ့ setting များကို
သေချာနားလည်အောင် တခုချင်းကို ဥပမာများနဲ့ ရှင်းပြထားပါတယ်။
- Particle ကို Force များနဲ့ ထိန်းချုပ်ပြီး လိုချင်တဲ့ movement ရအောင် ဖန်တီးနည်းများ၊
- Object တခုမှ နောက်တခုသို့ particle Syetem ကိုအသုံးပြုပြီး effect ဖြင့်ပြောင်းနည်းများကို သင်ပေးထားပါတယ်။
- Particle များကို Effect ထည့်လို့ရအောင် Render passes များဖြင့် Render ပြုလုပ်ပြီး၊
- Composition Software တွင် Glow effect ထည့်ကာ ပိုမို ကောင်းမွန်အောင် ပြုပြင်နည်းများကို အစအဆုံး သင်ပေးထားပါတယ်။
Simulation - RIGID BODY DYNAMIC
- Blender မှာ simulation tools များအသင့်ပါပါတယ်။ သုံးတတ်ပါက Quality ကောင်းကောင်းများရနိုင်ပါတယ်၊ ဒါကြောင့် Simulation tools များ
ကိုအသေးစိတ်သင်ပေးထားပါတယ်၊
- ခုသင်ခန်းစာ မှာ Cell fracture Add-on ကိုသုံးပြီး object များပျက်စီးပြိုကျတာကို ပြုလုပ်နည်းများကို သင်ပေးထားပါတယ်။
- Simulation ပြုလုပ်ပြီးပါကလည်း၊ Render ပြုလုပ်ပြီး Render passes များဖြင့် motion blur ပြုလုပ်ပုံကို composition software
များဖြင့်သင်ပေးထားပါတယ်။
Simulation - WATER
- Water Simulation က Rigid Body simulation ထက်ပိုရှုပ်ထွေးပါတယ်၊ ဒါကြောင့် ပြုလုပ်ပုံ အဆင့်ဆင့်ကို သေချာရှင်းပြပြီး၊ လွယ်ကူအောင် ပြုလုပ်
နည်းများကို သင်ပေးထားပါတယ်။
- Water Render ကလည်း Point တွေများသောကြောင့် အချိန်ကြာကြာ Render ပြုလုပ်ရလေ့ရှိပါတယ်၊ ဒါကြောင့် အမှာအယွင်း နည်းအောင်
water, spray, Foam စတာတွေကို Render passes များဖြင့် ခွဲထုတ်ကာ Render ပြုလုပ်ကာ လိုအပ်သလို ပြန်ချိန်ညှိရပါတယ်။
- Render passes များဖြင့် Render ပြုလုပ်ထားသော Multilayer exr file များကို အသုံးပြုပြီး တဆင့်ခြင်း Detail များထည့် ပုံထည့်နည်း
များကို အသေးစိတ် သင်ပေးထားပါတယ်။
Simulation - FIRE
- Fire Simulaiton ကပြုလုပ်ရတာ လွယ်ပါတယ်။ ဒါပေမယ့် Fire Detail ရရန်အတွက် Shader editor တွင် ချိန်ညှိရပါတယ်။
- ယခုသင်ခန်းစာများတွင် Fire material ကို Quality ကောင်းအောင်ပြုလုပ်နည်းကို သင်ပေးထားပါတယ်။
- ခုသင်ပေးထားသော နည်းကို တတ်မြောက်သွားပါက မည်သည့် Fire effect မဆို အဆင်ပြေအောင် ပြုလုပ်လို့ရသွားမှာပဲဖြစ်ပါတယ်။
- Fire ကို Render ပြုလုပ်ပြီး Composition Software များနဲ့ ပိုကောင်းအောင် Glow effect ထည့်နည်းကိုပါ သင်ပေးထားပါတယ်။
Simulation - CLOTH
- Cloth Simulation နဲ့ Cloth အမျိုးမျိုး ပြုလုပ်နည်းများ၊
- Cloth Simulation ပြုလုပ်ရာတွင်တွေ့ရသော error များကို ပြုပြင်နည်းများ၊
- Cloth Animaiton ကို Light Linking ကိုအသုံးပြုပြီး object အလိုက် Lighting သီးသန့် ခွဲပေးနည်းများ၊
- Cloth Simulation Render ကို Composite Software တွင် ပြန်ထပ်နည်းများ၊ စတာတွေကို သင်ပေးထားပါတယ်။
Video Edit, Color Grade, Sound Effect ( DaVinci Resolve)
- 3D animation Project များပြုလုပ်ရာတွင် တခါတရံ Project တခုလုံးကို တာ၀န်ယူလုပ်ကိုင်ရသော အခြေအနေများကြုံတတ်ပါတယ်။ ဒါကြောင့်
video editing, color grading, sound effect များကိုယ်တိုင်လုပ်တတ်ထားရင်လဲ အဆင်ပြေပါတယ်။
- ယခုသင်ခန်းစာများတွင် DaVinci Resolve ဖြင့် video editing, color grading, Sound effect ထည့်သွင်းတဲ့ နည်းစနစ်များကို
သင်ပေးထားပါတယ်။
- Sound effect များကို Free download ရယူနိုင်သော Website များကိုပြထားပြီး၊ Sound effect edit ပြုလုပ်နည်းများကိုလည်း သင်ပေးထားပါတယ်။
- video editing, color grading, Sound effect ထည့်သွင်းပြီးပါက final video ထုတ်နည်းကိုလည်း သင်ပေးထားပါတယ်။
Camera Matching and Composite
- Camera matching အမျိုးမျိုး အကြောင်းကို ရှင်းပြပြီး၊ Blender နဲ့ 3D camera matching ပြုလုပ်ပုံကို သင်ပေးထားပါတယ်။
- Nuke / Natron နှစ်ခုလုံးတွင် 2D tracking ပြုလုပ်နည်း နဲ့ အသုံးပြုနည်းများကို သင်ပေးထားပါတယ်။
- Camera matching ပြုလုပ်ရာတွင် တွေ့ရတတ်သော error များကို ပြင်နည်းများ သင်ပေးထားပါတယ်။
- lens distortion, 3D render, camera matching scale, final composition စတာတွေကို လဲ ပြည့်စုံစွာ သင်ပေးထားပါတယ်။
Go Back >>